Spain နိုင်ငံ MEVET ကုမ္ပဏီမှ MPA Brand ဖြင့်ထုတ်လုပ်၍ မြန်မာနိုင်ငံ Pyae Thitsar Aung ကုမ္ပဏီမှ တင်သွင်းဖြန်ချိ့နေသော တိရစ္ဆာဆေးဝါးများ။

MULTIVITACTIVE

ပါဝင်ပစ္စည်း
Vitamins, Aminoacids ဆေးအညွှန်း
အာဟာရလိုအပ်ချက် မညီမျှမှုကို ထိန်းညှိပေးပါသည်။
ရာသီဥတုဒဏ်နှင့် အခြားသောဒဏ်များကို လျော့ကျစေပါသည်။
အသားတိုးနှုန်း ကောင်းမွန်စေသည်။
FCR ကောင်းစေသည်။
ဥနှုန်းမြင့်မား၍ ဥသက်တမ်းကြာစေပါသည်။
ကြက်ဥခွံအရောင်၊ ကြက်ဥနှစ်အရောင်တို့ကိုလှပစေပါသည်။

အသုံးပြုရန်ပမာဏ
သောက်ရေထဲတွင် နေ့စဥ်ထည့်တိုက်ရမည်။
၅-၇ ရက် ဆက်တိုက် တိုက်ပေးရမည်။
ကာကွယ်ရန် - ရေ(၄) လီတာတွင် ဆေး (၂) စီစီနှုန်း
ကုသရန် - ရေ (၂) လီတာတွင် ဆေး (၁) စီစီနှုန်း

ထုပ်ပိုးပုံ - 1 Liter ဘူး

ENROVALL

ပါဝင်ပစ္စည်း
Enrofloxacin - 10%
ဆေးအညွှန်း
ကြက်များတွင် - Bacteria ရောဂါပိုးများကြောင့် ဖြစ်သော ‌ရောဂါများကို ကုသရန်။

ကြက် - သောက်ရေ (၁) လီတာတွင် ဆေး (၀.၅) စီစီနှုန်းဖြင့်(၃) ရက်မှ (၅) ရက်ဆက်တိုက်ရန်။

ထုပ်ပိုးပုံ - 1 Liter ဘူး

DOXICIVALL

ပါဝင်ပစ္စည်း
Doxycycline (Hyclate) - 50%
ဆေးအညွှန်း
ဝက်များကို - PRRS (ဝက်နားရွက်ပြာရောဂါ) များအားကာကွယ်ရန်၊ ကုသရန်။
ကြက်များတွင် - ဝမ်းရောဂါများနှင့် နာတာရှည် အသက်ရှူ လမ်းကြောင်းရောဂါအား ကာကွယ်ရန်၊ ကုသရန်။

ဝက် - ခန္တာကိုယ်အလေးချိန် 1 Kg ရှိတိုင်း ဆေး 20 mg နှုန်းဖြင့် ၅ရက်ဆက်တိုက်ရန်။
ကြက် - ခန္တာကိုယ်အလေးချိန် 1Kg ရှိတိုင်း ဆေး 40 mg နှုန်းဖြင့် (၃) ရက်မှ(၅) ရက်ဆက်တိုက်ရန်။

ထုပ်ပိုးပုံ - 200 g ထုပ်

TILOVALL

ပါဝင်ပစ္စည်း
Tylosin Tartrate - 100%
ဆေးအညွှန်း
နို့စို့ဝက်ငယ်များတွင် Mycoplasma နှင့် Pasteurellas ကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းရောဂါများအား ကာကွယ်ရန်၊ ကုသရန်။
ဝက်ကြီးများတွင် ဝမ်းလျှောရောဂါများကို ကာကွယ်ရန်၊ ကုသရန်။ အသားတိုးကြက်များတွင် နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါများအား ကာကွယ်ရန် ၊ ကုသရန်။

နို့စို့ဝက်ငယ်များတွင် ဆေး 1 g ကို နို့ (သို့) ရေဖြင့် ဖျော်တိုက်ရန်။ တစ်ရက်လျှင် နှစ်ကြိမ် နှုန်းဖြင့် ၅ - ၇ ရက် ဆက်တိုက်ရန်။
ဝက်ကြီးများတွင် ဆေး 0.25 g ကို ရေ 1 Liter နှုန်းဖြင့် (၃) ရက်မှ(၅) ရက်ဆက်တိုက်ရန်။
အသားတိုးကြက်များတွင် ဆေး 0.5 g လျှင် ရေ 1 Liter နှုန်းဖြင့် (၂) ရက်မှ (၅) ရက်ဆက်တိုက်ရန်။

ထုပ်ပိုးပုံ - 250 g ထုပ်

COLIVALL

ပါဝင်ပစ္စည်း
Colistin (Sulphate)
ဆေးအညွှန်း
E - coli ကြောင့်ဖြစ်သော အူလမ်းကြောင်းရောဂါများအား ကာကွယ်ရန်၊ ကုသရန်။

နွားငယ်‌လေး ၊ ဝက်၊ သိုးပေါက် - ခန္တာကိုယ်အလေးချိန် 10 Kg လျှင် ဆေး o.5 ml နှုန်းဖြင့်ဖျော်၍ (၃) ရက်မှ (၅) ရက် ဆက်တိုက်ရန်။
ကြက် - ခန္တာကိုယ်အလေးချိန် 1 Kg လျှင် ဆေး 0.0375 ml နှုန်းဖြင့် ရေဖျော်၍ (၃) ရက်မှ (၅) ရက် ဆက်တိုက်ရန်။

ထုပ်ပိုးပုံ 1Liter ဘူး

TIAMINVALL

ပါဝင်ပစ္စည်း
Tiamulin Hydrogen Fumarate - 12.5%
ဆေးအညွှန်း
ကြက်များတွင် Mycoplasma Gallisepticum ကြောင့်ဖြစ်သော နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါများနှင့် လေပြွန်ရောင်‌ရောဂါများအား ကာကွယ်ရန်၊ ကုသရန် ။ ဝက်များတွင် အဆုတ်ရောင်ရောဂါများနှင့် ဝက်ဝမ်းကျရောဂါများအား ကာကွယ်ရန်၊ ကုသရန်

ကြက် - ခန္တာကိုယ်အလေးချိန် 1 Kg ရှိတိုင်း ဆေး 0.2 cc နှုန်းဖြင့် (၃) ရက်မှ (၅) ရက်ဆက်တိုက်ရန်။
ဝက် - ဝမ်းရောဂါကုသရန် -ခန္တာကိုယ်အလေးချိန် 1 Kg ရှိတိုင်း ဆေး 8.8 mg နှုန်းဖြင့် (၃) ရက်မှ (၅) ရက်ဆက်တိုက်ရန်။
အဆုတ်ရောင်ရောဂါများကို ကုသရန် - ခန္တာကိုယ်အလေးချိန် 1 Kg ရှိတိုင်း ဆေး 150 -200 mg နှုန်းဖြင့် (၅) ရက်မှ (၁၀) ရက်ဆက်တိုက်ရန်။

ထုပ်ပိုးပုံ 1Liter ဘူး

AVIKLASS

ပါဝင်ပစ္စည်း
Composition per litre Raw materials:
Magnesium sulphate heptahydrate 14.86%
Propylene glycol 2.28%
Additives:
Sorbitol (E 420) 200.00g
Betaine Hydrochloride (3a925) 50.00g
L-Carnitine (3a910) 25.00g
Artichoke extract 1.00g
ဆေးအညွှန်း
Sorbitol သည် ၀မ်းပျော့စေပြီး အစာချေဖျက်မှုအားကောင်းသဖြင့် Weight gain ရရှိ‌ရေးကို အထောက်အကူပြုသည်။
Betaine Hydrochloride သည် အစာချေဖျက်မှုကို ပိုမိုကောင်းမွန်စေပြီး ကြီးထွားနှုန်းကို တိုးတက် မြင့်မားစေပါသည်။
Potassium သည် ဓာတ်နည်းခြင်း၊ အဆုတ်လမ်းကြောင်း ပျက်စီးခြင်း၊ အသည်းစွမ်းအင်အားနည်းခြင်း၊ သွေးအားနည်းခြင်းတို့ အတွက်လည်း ကာကွယ်ပေးပါသည်။ ထို့ကြောင့် Weight gain ကောင်းမွန်ခြင်း၊ ကြက်ဥနှုန်းမြင့်မားစေခြင်းနှင့် ရာသီဥတု ပြောင်လဲမှုတို့အတွက် ခံနိုင်ရှည်ရှိပြီး အလွန်ကောင်းမွန်သော ဆေးဖြစ်ပါသည်။ ထို့အပြင် ဇီ၀ကမ္မဖြစ်စဥ် ပုံမှန်လည်ပတ်စေရန် ကူညီပံ့ပိုးပေးနိုင်သောကြောင့် မည်သည့် ရာသီဥတုပြောင်းလဲမှု အတွက်ကိုမှ ပူပန်ရန်မလိုပါ။
L-Carnitine သည် ကျောက်ကပ်၏ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေရန် တိုးမြှင့်ပေးသည်။ ထို့အပြင် ရေသန့်ရှင်းမှု မရှိခြင်းနှင့် အစာ၏ ချို့့ယွင်းမှုကြောင့် ဖြစ်ပေါ်သည့် ကျောက်ကပ်ပျက်စီးမှုကိုလည်း ကာကွယ်ပေးသည်။

ကျွဲ၊ နွား၊ ကြက်၊ ဝက်များအတွက် သောက်ရေ ၁၀၀၀ လီတာတွင် ဆေး ၁- ၂ လီတာနှုန်းဖြင့် ၅ရက်ဆက်တိုက်ရန်။ဆက်တိုက်ရန်။

ထုပ်ပိုးပုံ 1,5 and 25 Liters

စပိန်နိုင်ငံ MPA ဆေးကုမ္ပဏီမှ ထုတ်လုပ်ပြီး အရည်အသွေး အာမခံပါသည်။